International News

ကွန်ပျူတာ‌ရောင်းဝယ်ရေးလုပ်ငန်းများ ပြန်လည်ကျဆင်းလာနိုင်

Last Updated:

Covid-19 ကပ်ရောဂါကာလအတွင်း လူဦးရေသန်းရာ ပေါင်းများစွာက နေအိမ်မှနေ၍ အလုပ်လုပ်ခြင်း၊ သင်ကြားခြင်း/ သင်ယူခြင်း သို့မဟုတ် လေ့လာသင်ယူခြင်းများ စသည်တို့ကို အသုံးချမှူများလာသည့် ကျေးဇူးကြောင့် ကမ္ဘာတွင် ကွန်ပျူတာလုပ်ငန်းများသည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း တစ်ကျော့ပြန် ပြန်လည်ဆန်းသစ်လာခဲ့ပါသည်။

ကမ္ဘာ့ကွန်ပျူတာလုပ်ငန်းများသည် နှစ်အတန်ကြာ ကျဆင်းနေခြင်း သို့မဟုတ် တုံ့ဆိုင်းသွားပြီး နောက် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တွင် တင်ပို့မှု ၂ ဆမြင့်တက်လာ၍ ကွန်ပျူတာလုပ်ငန်းသည် ပြန်လည်မြင့်တက်လာခဲ့သည်။ ယခင်နှစ်က PC အလုံးရေပေါင်း သန်း 340 ကျော် တင်ပို့နိုင်ခဲ့မှုသည် ကွန်ပျူတာလုပ်ငန်း ကျဆင်းလာသည့်အချိန် ၂၀၁၂ ခုနှစ်နောက်ပိုင်း ရောင်းအားအကောင်းဆုံးဖြစ်လာခဲ့သည်။

ယခုအခါ လူများသည် ၎င်းတို့၏ နေအိမ်တွင်ကွန်ပျူတာများ တပ်ဆင်အသုံးပြုခြင်းနှင့်  လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်လာကြခြင်းများ ရှိလာပြီဖြစ်သော်လည်းငွေကြေးဖောင်းပွမှုနှင့် ပထဝီဝင်နိုင်ငံရေးမသေချာမရေရာမှုများကြောင့် ဝယ်လိုအားသည်တစ်ဖန် လျော့နည်း လာပြန်ပါသည်။ ကမ္ဘာ့ကွန်ပျူတာ PCတင်ပို့ရောင်းချမှုသည်ယခုနှစ်တွင် ၉ ရာခိုင်နှုန်းအထိကျဆင်းသွားနိုင်ကြောင်းနှင့် ကပ်ရောဂါမတိုင်မီက တင်ပို့ရောင်းချနိုင်မှုပမာဏအထက်တွင်ရှိနိုင်သေးကြောင်း Gartner ကုမ္ပဏီမှ ခန့်မှန်းလျက်ရှိပါသည်။
ပထဝီဝင်နိုင်ငံရေးလှုပ်ရှားမှုများ၊ ငွေကြေးဖောင်းပွမှု၊ ငွေကြေးအတက်အကျနှင့် ရောင်းလိုအားဖြည့်ဆည်းပေးနိုင်မှုကွင်းဆက်များသည် ကမ္ဘာတစ်ဝှမ်းရှိ ကွန်ပျူတာစက်ပစ္စည်းများနှင့် သုံးစွဲသူများ၏ဝယ်လိုအားကို လျော့နည်းလာစေ၍ ကွန်ပျူတာရောင်းဝယ်ရေး လုပ်ငန်းများလျော့ ကျသွားနိုင်သဖြင့် ၂၀၂၂ ခုနှစ်တွင် ကွန်ပျူတာဈေးကွက်အတွက် ရိုက်ခတ်မှုအများဆုံးနှစ်ဖြစ်လာနိုင်သည်။ သုံးစွဲသူများ၏ ဝယ်လိုအားသည် ကွန်ပျူတာရောင်းဝယ်ရေးလုပ်ငန်းများမှ ဝယ်လိုအားထက် ပိုမိုလျင်မြန်စွာ ကျဆင်းသွားဖွယ်ရှိကြောင်း အဆိုပါကုမ္ပဏီမှ ပြောဆိုပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ၊ Windows 7 အဆုံးသတ်သွားခဲ့သလို ၇ နှစ်ကြာ တိုးတက်မှုမရှိခဲ့သည့် ကွန်ပျူတာရောင်းဝယ်ရေးလုပ်ငန်းများ ၂၀၁၉ ခုနှစ်တွင်အဆုံးသတ်သွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ကောင်းမွန်လာသည့်အနေအထားရှိခဲ့ခြင်းဖြစ်သည်။ ကပ်ရောဂါမဖြစ်ပေါ်ခဲ့လျှင် အဆိုပါလုပ်ငန်းသည် မှေးမှိန်လာဖွယ်ရှိသည့်အနေအထားဖြစ်ပါသည်။

Category: International News